top of page
School Supplies
School Supplies

Hello learners

အားလုံးဘဲ မင်္ဂလာပါ။ အခုလိုကာလကြီးထဲမှာ အားလုံး စိတ်မပျော်ရွှင်ကြပေမယ့် လုံခြုံစိတ်ချပြီး ကျန်းမာရေးကောင်းကြမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ရဲ့ website ကိုလာရောက်တဲ့အတွက်လည်း အားလုံးကိုကျေးဇူးတင်ပါတယ်။ စစချင်းမှာ အဆင်မပြေမှုလေးတွေအနည်းငယ်ရှိခဲ့ရင်လည်း ခွင့်လွှတ်ကြဖို့ကိုလည်း ကြိုပြီးပြောချင်ပါတယ်ခင်ဗျ။ အားလုံးကိုယ်နှစ်သက်ရာ ဘာသာရပ်တွေကို သင်ယူနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

All About Us

ကျွန်တော်တို့ အခုwebsite ကို စတင်လုပ်ဖို့ စဉ်းစားမိတဲ့အချိန်က အခုလို ပြည်တွင်းမှာ ပညာရေးကဏ္ဍက အတိုင်းအတာတစ်ခုထိ ရပ်တန့်နေတဲ့အချိန်မှာ ပညာလေ့လာချင်တဲ့ လူငယ်၊လူရွယ်တွေ၊ မိမိရဲ့ ဗဟုသုတတွေ၊ အတွေ့အကြုံတွေ၊ ပညာရပ်တွေကို ဝေမျှပေးချင်တဲ့ ဆရာ၊ဆရာမတွေအတွက် သက်ဆိုင်ရာဘာသာရပ်တွေအလိုက် သင်ယူနိုင်တဲ့ အဆင့်မှီ ပညာရေးရပ်ဝန်းတစ်ခုကို ဖန်တီးချင်လို့ဘဲဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်း နယ်ဘက်တွေပါမကျန် စိတ်ဝင်စားတဲ့ ဘာသာရပ်တွေကို သင်ယူချင်တဲ့ တက်သစ်စ လူငယ်တွေအနေနဲ့ အခွင့်အလမ်းတွေရရှိအောင်လို့ ရည်ရွယ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာ အပေါများဆုံးဖြစ်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို သက်ဆိုင်ရာနယ်ပယ်အလိုက် အကျိုးရှိရှိအသုံးချနိုင်ဖို့နဲ့ ပြည်တွင်းမှာ ပညာတတ်တွေများစွာရှိပါလားဆိုတာကို သိရှိနိုင်အောင်ဖြစ်ပါတယ်။ အနာဂါတ်လူငယ်လူရွယ်တွေအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်တွေသာမက အတွေးအခေါ်ပိုင်းဆိုင်ရာအပြင် အခြားပြည်တွင်းမှာ စိတ်ဝင်စားမှုနည်းပါးသေးတဲ့ ပညာရပ်တွေကိုလည်း တဖြည်းဖြည်းချင်း တိုးချဲ့သွားဖို့ ပြင်ဆင်ထားပါတယ်။ ကုန်ကျစရိတ်အနည်းဆုံးနဲ့ ကိုယ်လိုချင်တဲ့ ပညာရပ်တွေကို လွယ်လွယ်ကူကူတတ်မြောက်နိုင်ဖို့ ရည်ရွယ်ထားတာမို့ တစ်စုံတစ်ရာအဆင်မပြေမှုတွေ ကြုံတွေ့ခဲ့ရင်လည်း ခွင့်လွှတ်ပေးကြဖို့ကိုလည်း 

ထပ်မံပြောကြားလိုပါတယ်။ အနာဂါတ်မှာ တိုင်းပြည်ကို အကျိုးပြုနိုင်တဲ့ ပညာတတ်လူငယ်လူရွယ်တွေ များစွာပေါ်ပေါက်လာစေဖို့

ရည်ရွယ်ရင်း.............

Doctor's Desk

Hot Line

09 420 148 498

Email 

Follow

  • Facebook
  • download
  • LinkedIn
bottom of page