Learn In Burmese
- Learn In Burmese

- Sep 15, 2021
- 1 min read
Learn In Burmese ကို စတင်ဖို့စဉ်းစားဖြစ်ခဲ့တဲ့အချိန်က ပြည်တွင်းမှာ Covid-19 Second Wave စတင်ပြီးချိန်ကတည်းကဖြစ်ပြီး လိုအပ်တဲ့ development ပိုင်းတွေကို လုပ်ဆောင်လာခဲ့တာကတော့ Military Coup မတိုင်ခင်ကတည်းကဖြစ်ပါတယ်။ စတင်လုပ်ဆောင်ဖို့စဉ်းစားတဲ့အချိန်ကတည်းက ရည်ရွယ်ချက်ကတော့ ပြည်တွင်းမှာ နိုင်ငံတကာအဆင့်မှီ learning platform တစ်ခုဖြစ်စေချင်တဲ့ရည်ရွယ်ချက်ဘဲဖြစ်ပါတယ်။
Military Coup နဲ့ Covid-19 third wave နောက်ပိုင်းမှာတော့ စာသင်ကြားရေးနဲ့ ဝေးကွာနေတဲ့ ကျောင်းသူ၊ကျောင်းသားတွေအတွက်ရော၊ အလုပ်လက်မဲ့ဖြစ်နေတဲ့ ဆရာ၊ဆရာမတွေအတွက်ကိုပါ ကူညီချင်တဲ့ စိတ်ဆန္ဒတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့်မို့လို့ Learn In Burmese ကို ခန့်မှန်းချိန်ထပ်စောပြီးတော့ စတင်နိုင်ဖို့ကြိုးစားလုပ်ဆောင်လာခဲ့ပြီး မကြာခင်မှာဘဲ စတင်နိုင်မယ်လို့ခန့်မှန်းထားပါတယ်။
သို့ရာမှာ စတင်တဲ့အချိန်မှာ Ready ဖြစ်နေစေဖို့ရယ်၊ လူတွေကြားထဲ စိတ်ဝင်စားမှုမြင့်တက်လာစေဖို့ရယ် Page လေးကိုအရင်စ run ဖို့စိတ်ကူးခဲ့ပါတယ်။ ဒါ့အပြင် learning platform စတင်တဲ့အချိန်မှာ ကြုံတွေ့လာနိုင်တဲ့ အခက်အခဲတွေ၊ techanical ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို တတ်နိုင်သမျှ နည်းအောင် ဂရုစိုက်နေပေမယ့် အစောပိုင်းအဆင်မပြေမှုတွေဖြစ်လာခဲ့မယ်ဆိုရင်လည်း သည်းခံပေးပြီး လိုအပ်ချက်တွေကို အကြံပြုကြဖို့ကိုလည်း ဖိတ်ခေါ်အပ်ပါတယ်။





Comments