𝐋𝐞𝐚𝐫𝐧 𝐈𝐧 𝐁𝐮𝐫𝐦𝐞𝐬𝐞 ၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်
- Learn In Burmese

- Sep 15, 2021
- 1 min read
Learn In Burmese ရဲ့ ရည်မှန်းချက်နဲ့ ရည်ရွယ်ချက်ကို အကျဉ်းချုံးလေးရှင်းပြချင်ပါတယ်။ Learn In Burmese ကို စတင်အကောင်အထည်ဖော်ဖြစ်တဲ့ ရည်ရွယ်ချက်သည် ပြည်တွင်းမှာ တစ်နိုင်ငံလုံးကိုလွှမ်းခြုံနိုင်ပြီး လူတိုင်းပါဝင်သင်ကြားနိုင်တဲ့ Educational Platform တစ်ခုပေါ်ထွက်လာစေရေးဘဲ ဖြစ်ပါတယ်။ နေရာဒေသမရွေး၊အသက်အရွယ်မရွေး လေ့လာသင်ယူချင်စိတ်ရှိတဲ့ သူတိုင်းအတွက် အသိပညာ၊အတတ်ပညာ သင်ကြားပေးတဲ့ သင်တန်းတွေမှသည် အထွေထွေဗဟုသုတ၊ ဝါသနာပေါ်အခြေခံပြီး သင်ယူနိုင်တဲ့ သင်တန်းတွေအထိ ဖွင့်လှစ်ပေးဖို့ကိုလည်း ရည်မှန်းထားပါတယ်။
ဒါ့အပြင် Learn In Burmese သည် အပြင်မှာသင်ကြားလေ့သိပ်မရှိတဲ့ ဘာသာရပ်တွေ (ဥပမာ - သမိုင်း၊စိတ်ပညာ၊နိုင်ငံရေးသုသေတန ) အစရှိတဲ့ ဘာသာရပ်တွေကို စိတ်ဝင်တစားလေ့လာသင်ယူလိုတဲ့ လူတွေအတွက်ပါ ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။ Learn In Burmese ရဲ့ ရည်မှန်းချက်ကတော့ မိမိရဲ့အတွေ့အကြုံ၊ပညာရပ်တွေကို ဝေမျှလိုတဲ့ ဆရာ၊ဆရာမတွေနဲ့ သင်ယူလိုစိတ်ပြင်းပြတဲ့ ကျောင်းသား၊ကျောင်းသူတွေအကြား အချိတ်အဆက်မိမိနဲ့ သင်ယူနိုင်ဖို့ဘဲဖြစ်ပါတယ်။ နောက်ပိုင်းမှာ ငွေကြေးအဆင်မပြေတဲ့သူတွေအတွက် Installment and scholarship program ကိုလည်း ဖော်ဆောင်ဖို့ စီစဉ်ထားတဲ့အပြင် Digital Learning ကဏ္ဍတိုးတက်ဖို့ကိုလည်း ကူညီပံ့ပိုး ပေးသွားမှာဖြစ်ပါတယ်။
Our Objective and Goals
I would like to briefly explain the objective and goals of Learn In Burmese. The goal of launching Learn In Burmese is to create an educational platform that covers the whole country and everyone is inclusive. For those who want to learn, no matter where they are or what age they are, we provide the knowledge and skills training courses that provide general knowledge and skills. And also we aim to open hobby-based courses.
In addition, Learn In Burmese will be open to those who are interested in learning subjects that are not often taught outside (eg history, psychology, political research). The goal of Learn In Burmese is to create a connection between teachers who want to share their experiences and knowledge with students who are eager to learn. We also plan to launch an instalment and scholarship program for those with limited resources, as well as support the development of the digital learning sector.





Comments